Posts

Showing posts from January, 2026

ငလျင်ဘေးသင့်ဒေသများရှိ အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း

Image
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၈-၃-၂၀၁၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငလျင်ဘေးသင့် ဒေသများရှိ အာမခံ အလုပ်သမားများအတွက် သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အဖြစ် လုပ်ခလစာဝင်ငွေ၏ ၄၀ ရာခိုင်နှုန်း ထုတ်ပေးမည်ဖြစ်ကြောင်း ၆-၅-၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၀၄/၂၀၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အဆိုပါ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးများသို့ ၆-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားကြရန် အသိပေးကြေညာထားသည်ကို တွေ့ရပါတည်။ ထိုအသိပေးကြေညာချက်နှင့် ပတ်သက်၍ Viber Group တစ်ခုတွင် "ဝန်ထမ်းက ရန်ကုန်မှာ အလုပ်လုပ်တာ၊ မန္တလေးဇာတိမှာ ကျန်ခဲ့တဲ့ မိသားစုက ငလျင်မိတာ ဆိုရင် ရလား" ဟု သိကောင်းစရာ မေးခွန်းတစ်ခု မေးမြန်းထားသည်ကို တွေ့ရပါသည်။ ယင်းမေးခွန်းနှင့် ပတ်သက်၍ လေ့လာသင့်သည်မှာ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ အရ အာမခံစနစ်များ ထားရှိရာတွင် - ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ၊ ပုဒ်မ ၁၃ (က)...